ကမ္ဘာဦးကျမ်း 31:49
မိဇပါ ဟူ၍သမုတ်ကြသေး၏။ အကြောင်း မူကား၊ လာဗန်က၊ ငါတို့သည် တ ယောက်နှင့်တယောက် ခွါ သွားကြသော နောက်၊ ထာဝရဘုရား သည် ငါ နှင့် သင် ၏ စပ်ကြား ၌စောင့် တော်မူစေသတည်း။
မြန်မာကျမ်းစာ
In The King James Version
And Mizpah; for he said, The LORD watch between me and thee, when we are absent one from another.
In Context
Cross References
Judges 11:11ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား ၍ သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။
1 Samuel 7:5ရှမွေလ ကလည်း ဣသရေလ အမျိုးသားအပေါင်း တို့ကို မိဇပါ မြို့၌ စုဝေး စေကြလော့။ သင် တို့အဘို့ ထာဝရဘုရား ကို ငါဆုတောင်း မည်ဟု မှာ ခဲ့သည်အတိုင်း၊
Hosea 5:1အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။