ကမ္ဘာဦးကျမ်း 34:25
ထိုသို့ခံ ၍ သုံး ရက်မြောက်သောနေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ် သား ၊ ဒိန ၏မောင် ရှိမောင် နှင့် လေဝိ ညီနောင်နှစ် ယောက်တို့သည်၊ ထား လက်နက်တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိ မရှိသော ထိုမြို့ ကို တိုက် ၍ ၊ ယောက်ျား အပေါင်း တို့ကိုသတ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 29:33တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။
Numbers 31:7မောရှေ အား ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ ထိုသူတို့သည် မိဒျန် အမျိုးသားတို့ကို တိုက် ၍ လူယောက်ျား အပေါင်း တို့ကိုသတ် ကြ၏။
Joshua 5:6အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။
2 Chronicles 32:25သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၌ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း ၊ အမျက် တော်ထွက် လေ၏။
Proverbs 6:34အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။