ကမ္ဘာဦးကျမ်း 37:3
ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 37:23ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊
Genesis 44:20ကျွန်တော်တို့က၊ ကျွန်တော် တို့အဘ အသက် ကြီး သောသူရှိပါ၏။ အဘအသက် ကြီးစဉ်အခါ ရသောသား ငယ် တယောက်ရှိ ပါ၏။ သူ ၏အစ်ကို သေ ပါပြီ။ သူ့ အမိ ဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ် ပါ၏။ ထိုကြောင့်သူ ၏အဘ သည် သူ့ ကို ချစ် ပါ၏ဟု သခင် အား ပြန်လျှောက် လေသော်၊
2 Samuel 13:18အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။
Ezekiel 16:16သင် ၏အဝတ် ကို လည်း ယူ ၍ ၊ မြင့် သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမ ဖြစ် စဖူး၊ နောက်၌လည်းမ ဖြစ် လတံ့သောအမှု၊ မ တရားသောမေထုန်ကို ထိုအရပ် ၌ ပြုလေပြီ။
John 13:22အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသည်ကိုတပည့် တော်တို့သည် တွေးတော ခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု ကြ၏။