ကမ္ဘာဦးကျမ်း 37:9
တဖန် အိပ်မက် ကိုမြင် ပြန်၍ အစ်ကို တို့အား ၊ အခြားသော အိပ်မက် ကို ကျွန်ုပ်မြင် ရပြီ။ နေ ၊ လ နှင့်တကွ ၊ ကြယ် ဆယ့် တလုံး တို့သည်၊ ကျွန်ုပ် ကို ရှိခိုး ကြ၏ဟု ကြားပြော လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 20:3ညဉ့် အချိန်တွင် အိပ်မက် အားဖြင့် ဘုရားသခင် သည် အဘိမလက် ဆီသို့ ကြွလာ ၍ ၊ သင် သည် လူ သေ ဖြစ်၏။ အကြောင်း မူကား၊ သင်ယူ သော မိန်းမ သည် သူ့ မယားဖြစ်၏ဟု မိန့် တော်မူ၏။
Genesis 37:10ထိုသို့အဘ နှင့် အစ်ကို တို့အား ကြားပြော သောအခါ ၊ အဘ က ၊ သင်မြင် သောအိပ်မက် သည် အဘယ်သို့ နည်း။ ငါ နှင့် သင် ၏အမိ ၊ သင် ၏ အစ်ကို တို့သည် သင့် ထံ သို့ စင်စစ် လာ ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ ကို ဆုံးမ လေ၏။
Genesis 41:32ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
Genesis 43:26ယောသပ် သည် အိမ် သို့ ရောက် သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါ သောလက်ဆောင် ကို အိမ် ထဲ ယောသပ် ထံ သို့သွင်း ၍ သူ့ရှေ့ မှာဦးညွှတ် ချလျက် နေကြ၏။
Genesis 44:14ယုဒ နှင့် ညီအစ်ကို တို့သည် ယောသပ် အိမ် သို့ ရောက် ၍ ၊ သူ သည်အိမ် ၌ရှိ သေးသဖြင့် ၊ သူ့ ရှေ့ မှာ ပြပ်ဝပ် လျက် နေကြ၏။
Genesis 45:9အလျင်အမြန် ထ၍ အဘ ထံ သို့ သွား ကြလော့။ အဘ အား လည်း ၊ သား ယောသပ် က၊ ဘုရားသခင် သည် ကျွန်ုပ် ကို အဲဂုတ္တု ပြည်လုံး သခင် ဖြစ် စေတော်မူပြီ။ ကျွန်ုပ် ထံ သို့လာ ပါ၊ မ ဆိုင်း ပါနှင့်။