ကမ္ဘာဦးကျမ်း 39:3
သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 21:20ထိုလုလင် ဘက် ၌လည်း ၊ ဘုရားသခင် ရှိ တော်မူ ၏။ သူသည် ကြီးပွား ၍ တော ၌ နေ သဖြင့် ၊ လေး သမား ဖြစ် လေ၏။
Genesis 21:23သို့ဖြစ်၍ သင်သည်ငါ့ ကို၎င်း၊ ငါ့ သား ကို၎င်း ၊ ငါ့ မြေး ကို၎င်း ၊ မ လှည့်စား၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎င်း ၊ သင်တည်း နေရာ ငါ့ပြည် ၌ ၎င်း၊ ကျေးဇူး ပြုမည်ဟု ဘုရားသခင် ကို တိုင်တည်၍ ငါ့ အား ကျိန် ဆိုပါလော့ဟုပြောဆို ၏။
Genesis 26:28ထိုသူတို့က၊ ထာဝရဘုရား သည် သင့် ဘက် မှာ ရှိ တော်မူကြောင်း ကို၊ ငါ တို့အမှန် သိမြင် သည်ဖြစ်၍၊
Genesis 30:30အထက် က အဘ ၏ ဥစ္စာနည်း လှ၏။ ယခု တိုးပွါး ၍ များပြား လျက်ရှိ၏။ ကျွန်ုပ် သွား လာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရား သည် အဘ အား ကောင်းကြီး ပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ် သည် ကိုယ် အိမ်သူအိမ်သား တို့ကို အဘယ် သောအခါ ကျွန်ုပ်ပြု စု ရပါအံ့နည်းဟု ဆိုလေ၏။
Genesis 39:23ထိုနောက်ထောင် မှူး သည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မ ကြည့် မရှုရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ယောသပ် ဘက် မှာရှိ၍ သူ ပြု လေရာရာ ၌ အောင် စေတော်မူသတည်း။
Joshua 1:7သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။