ကမ္ဘာဦးကျမ်း 4:6
ထာဝရဘုရား ကလည်း သင် သည် အဘယ်ကြောင့် စိတ်ဆိုး သနည်း။ အဘယ်ကြောင့် မျက်နှာ ပျက် သနည်း။
မြန်မာကျမ်းစာ
In The King James Version
And the LORD said unto Cain, Why art thou wroth? and why is thy countenance fallen?
In Context
Cross References
1 Chronicles 13:11ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။
Isaiah 1:18ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
Jeremiah 2:31ယခု ဖြစ် သော အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင်ခြင် ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တော ကဲ့သို့၎င်း ၊ မှောင်မိုက် နိုင်ငံ ကဲ့သို့၎င်း ဖြစ် ဘူး သလော။ ငါ ၏လူ တို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော် ထံသို့ နောက် တဖန်မ ချဉ်းကပ် ဟု အဘယ်ကြောင့် ဆို ကြသနည်း။
Jonah 4:9ဘုရား သခင်ကလည်း ၊ သင်သည် ကြက်ဆူ ပင် အတွက် အမျက် ထွက်ကောင်း သလောဟုမေး တော်မူလျှင် ၊ ယောနက၊ အကျွန်ုပ် သည် အသက်သေ သည် တိုင်အောင် အမျက် ထွက်ကောင်း ပါသည်ဟု လျှောက် ဆို၏။
Matthew 20:15ငါသည် ကိုယ် ဥစ္စာကို ပြု လို သမျှ မ ပြု ရာသလော။ ငါ့ သဘောကောင်း သောကြောင့် သင် သည် မျက်မုန်းကြိုး ရသလောဟု ဆို လေ၏။
John 4:1ယေရှု သည် ကိုယ်တိုင် ဗတ္တိဇံ ကို ပေးတော်မ မူ။