ကမ္ဘာဦးကျမ်း 40:15
အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 14:13ထိုဘေးမှ လွတ် ၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲ လူ အာဗြံ နှင့် မိဿဟာယ ဖွဲ့ သောသူ၊ ဧရှကောလ နှင့် အာနေရ ၏အစ်ကို အာမောရိ လူမံရေ ၏ သပိတ်တော နား မှာ နေ သောအာဗြံ ထံသို့ ရောက် ၍ ၊ သိတင်းကြား ပြောလေ၏။
Genesis 37:28ထိုအခါ၊ မိဒျန် အမျိုးသား ကုန်သည် တို့သည် ခရီးသွား ကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ် ကို တွင်း ထဲက ဆွဲ တင် ပြီးလျင် ၊ ငွေ အကျပ်နှစ်ဆယ် အဘိုး နှင့် ဣရှမေလ လူတို့အား ရောင်း ၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တု ပြည်သို့ ဆောင်သွား ကြ၏။
Genesis 39:20ခေါ် ပြီးမှ ၊ ရှင်ဘုရင် ချုပ် ထားသောသူတို့ နေရာ ထောင် ထဲ မှာ လှောင် ထားသဖြင့် ၊ ယောသပ်သည် ထောင် ထဲ မှာ နေ ရ၏။
Exodus 21:16လူကို ခိုး သောသူသည်၊ ရောင်း သည်ဖြစ်စေ ၊ သူ ၏လက် ၌ ရှိသည်ဖြစ်စေ၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
1 Samuel 24:11ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။
Psalms 59:4အကျွန်ုပ်၌ အပြစ် မ ရှိဘဲ သူတို့သည် ပြေး လာ၍ ပြင်ဆင် ကြပါ၏။ အကျွန်ုပ် ကို ကူမ ခြင်းငှါ နိုး တော်မူပါ။ ကြည့်ရှု တော်မူပါ။