ကမ္ဘာဦးကျမ်း 41:43
ဒုတိယ ရထား တော်ကို စီး စေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ ရှေ့ မှာ ဟစ် ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည် တပြည်လုံး ကို အုပ်စိုး စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 42:6ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
Genesis 42:33ထိုပြည် ကို အုပ်စိုး သောသခင်က၊ သင် တို့သည် ဖြောင့်မတ် သောသူမှန် သည်ကို အဘယ်သို့ငါသိ နိုင်မည်နည်း ဆိုသော်၊ သင် တို့ညီအစ်ကို တို့ တွင် တစုံတယောက် ကို ငါ့ ထံ ၌ထား ရစ်ကြလော့။ သင် တို့အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွား ကြလော့၊
Genesis 45:26ယောသပ် သည် အသက် ရှင်သေး ၏။ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး ရ၏ဟု ကြား ပြောကြသည်ရှိသော် ၊ ယာကုပ် သည် စိတ် နှလုံးလျော့ ၏။ သူ တို့စကားကို မ ယုံ နိုင်။
Esther 3:2နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် အပေါင်း တို့သည်၊ အမိန့် တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချ ရှိခိုးကြ၏။ မော်ဒကဲ မူကား ဦး မ ချ၊ ရှိ မ ခိုး။
Ecclesiastes 4:14ထိုသို့သော သူငယ်သည် ထောင် ထဲကထွက်၍၊ နန်းတော် ပေါ် သို့ရောက် တတ်၏။ ထိုသို့သောရှင် ဘုရင်မူကား ၊ အဘ အရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲ ခြင်းသို့ ရောက် တတ်၏။
Acts 7:10အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။