ကမ္ဘာဦးကျမ်း 41:54
ယောသပ် ပြော သည်အတိုင်း အစာခေါင်းပါး သော နှစ် တို့သည် ရောက် စ ရှိ၏။ ထိုအခါ ခပ်သိမ်း သော ပြည် တို့၌ အစာခေါင်းပါး ခြင်းရှိ သော်လည်း အဲဂုတ္တု ပြည် ၌ ဆန် စပါးရှိ သေး၏။
မြန်မာကျမ်းစာ
In The King James Version
In Context
53ထိုနောက် အဲဂုတ္တု ပြည် ၌ ဝပြော သောနှစ် ခုနစ် နှစ် ကုန် လေ၏။
Cross References
Genesis 41:3ထိုနွားတို့နောက်မှ အဆင်း မ လှ၊ ပိန်သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ အရင်နွား တို့ အနား ၌ ကမ်း ပေါ် မှာ ရပ် နေကြ၏။
Genesis 41:27ထိုနွားတို့နောက် ထွက် လာသောနွား၊ ပိန် ၍ အရုပ် ဆိုးသော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ ၏။ အရှေ့ လေဖြင့်ပျက် သော စပါး ဖျင်း ခုနစ် နှံတို့သည် လည်း၊ အစာခေါင်းပါး သော ခုနစ် နှစ် ဖြစ် ပါ၏။
Genesis 42:2အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ငါကြား ရပြီ။ ငါတို့သည်မ သေ အသက်ရှင် မည်အကြောင်း ၊ ထို ပြည်သို့ သွား ၍ ငါ တို့အဘို့ ကို ဝယ် ကြလော့ဟု မိမိ သား တို့အား ဆို သည်အတိုင်း၊
Genesis 42:6ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
Genesis 45:11ထို အရပ်၌ ကျွန်ုပ်ကျွေးမွေး ပါမည်။ သို့မဟုတ်အဘ မှစ၍ အိမ်သူ အိမ်သားနှင့်တကွ ရှိသမျှ တို့ သည် ဆင်းရဲခြင်း သို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါး သောနှစ် ငါး နှစ်ရှိ သေးသည်ဟု ပြောကြလော့။
Psalms 105:16တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ် ခြင်းဘေးကို ခေါ် ၍၊ အစာ အာဟာရတည်းဟူသောအထောက် အပင့် ရှိသမျှ ကို ချိုးဖျက် တော်မူသောအခါ၊