ကမ္ဘာဦးကျမ်း 42:15
သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
1835 Judson Burmese Bible
In The King James Version
In Context
14ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
Cross References
Genesis 42:7ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။
Genesis 42:16သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
Genesis 42:30ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
Genesis 43:3ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။
Genesis 44:20ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက် ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါ ရသော သားငယ်တယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည် သူ့ကို ချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊
Genesis 44:23ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့ အား မိန့်တော်မူ၏။