ကမ္ဘာဦးကျမ်း 43:11
အဘ ဣသရေလ ကလည်း၊ သို့ဖြစ်လျှင် ဤသို့ ပြု ကြလော့။ ထိုသူ အား ဆက် စရာဘို့ သင် တို့အိတ် ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံး တည်းဟူသောဗလစံစေး အနည်းငယ် ၊ ပျားရည် အနည်းငယ် ၊ နံ့သာ မျိုး၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီး တို့ကို ယူ ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
10ဤမျှလောက်မ ဖင့်နွှဲ့ လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန် ရောက်ပါပြီဟု အဘ ဣသရေလ အား ဆို ၏။
Cross References
Genesis 32:14ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊
Genesis 33:10ယာကုပ် ကလည်း ၊ ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့ သည်မှန်လျှင် ၊ ကျွန်တော် ဆက် သော လက်ဆောင် ကို ခံယူ တော်မူပါ။ ဘုရားသခင် ၏ မျက်နှာ တော် ကို ဖူးမြင် ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာ ကို ဖူးမြင် ရပါ၏။ စိတ် တော်သည်လည်းနူးညွတ် ပါ၏။
Genesis 43:14ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
Leviticus 20:24သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
1 Samuel 9:7ရှောလု ကလည်း ၊ သွား လျှင် အဘယ် အရာကို လှူ ရမည်နည်း။ ငါ တို့၌ပါသောမုန့် ကုန် ပြီ။ ဘုရား သခင် ၏ လူ ကို လှူ စရာ အလှူ တစုံတခုမျှ မရှိ။ ငါ တို့၌ တစုံတခုရှိသေးသလောဟုငယ်သား အား မေး သော်၊
1 Kings 4:21ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။