ကမ္ဘာဦးကျမ်း 43:32
ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 31:54ထိုအခါ ယာကုပ် သည် တောင် ပေါ် မှာ ယဇ် ပူဇော်၍၊ ညီအစ်ကို များကို အစာ စား စေခြင်းငှါ ခေါ်ဘိတ် သဖြင့် ၊ သူတို့သည် စားသောက် ၍ ၊ တောင် ပေါ် မှာ ညဉ့် ကို လွန်စေကြ၏။
Genesis 46:34ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။