ကမ္ဘာဦးကျမ်း 44:16
ယုဒ ကလည်း ၊ ကျွန်တော် တို့သည် သခင် အား အဘယ် စကားဖြင့် လျှောက် ရပါအံ့နည်း။ အဘယ်သို့ ပြော ရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ် နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန် တို့၏အပြစ် ကို ဘုရားသခင် စစ်၍ တွေ့ တော်မူပြီ။ အကြင်သူ ၌ ဖလား တော်ကိုတွေ့ ၏။ ထို သူမှစ၍ ကျွန်တော် တို့ ရှိသမျှသည် သခင် ၏ ကျွန် ဖြစ်ကြပါ၏ဟု လျှောက် လေသော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 37:7ကျွန်ုပ် တို့သည် လယ် ၌ ကောက်လှိုင်း ကို စည်း ၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်း သည် ထ ၍ မတ်တတ်နေသဖြင့်၊ သင် တို့၏ ကောက်လှိုင်း တို့သည် ဝိုင်း ၍ ရပ် လျက် ၊ ကျွန်ုပ် ကောက်လှိုင်း ကို ရှိခိုး ကြသည်ဟု ပြောဆို လေ၏။
Genesis 37:18အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊
Genesis 43:8ယုဒ ကလည်း၊ သူငယ် ကို ကျွန်ုပ် နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင်အဘမှစ၍ကျွန်ုပ် တို့နှင့် သူငယ် များတို့ သည် မ သေ ၊ အသက် ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွား ကြပါမည်။
Genesis 44:32ကိုယ်တော် ကျွန် က၊ အကျွန်ုပ် သည် တဖန် သူငယ် ကို အဘ ထံ သို့ ပြန်၍မ ဆောင် ခဲ့လျှင် ၊ အစဉ်မပြတ် အဘ ရှေ့ မှာ အပြစ် ကိုခံပါစေဟုဆို သဖြင့် ၊ အဘ ထံ မှာ သူငယ် ၏အာမခံ ဖြစ်ပါ၏။
Deuteronomy 25:1လူ ချင်း အမှု ရှိ ၍ မင်း ထံ ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ် သောသူကို အပြစ် လွတ်စေခြင်းငှာ ၎င်း ၊ ဆိုး သောသူကို အရှုံး ခံစေခြင်းငှာ၎င်း စီရင် ရမည်။
Joshua 7:18ထိုအိမ်ထောင် လူ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် ကို မှတ် တော်မူ၏။