ကမ္ဘာဦးကျမ်း 45:5
သို့ရာတွင် သင် တို့သည် ကျွန်ုပ် ကို ဤ အရပ်သို့ ရောင်း လိုက်မိသောကြောင့် စိတ် မ ညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက် မ ထွက်ကြနှင့်။ အကြောင်း မူကား၊ ဘုရားသခင် သည် လူတို့အသက် ကို စောင့်မစေခြင်းငှါ သင် တို့ရှေ့ မှာ ကျွန်ုပ် ကိုစေလွှတ် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 47:25သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော် တို့ အသက်ကို ကယ် ပါပြီ။ သနားသောစိတ် နှင့် ကြည့်ရှု တော်မူ ပါ။ ကျွန်တော်တို့သည် ဖာရော ဘုရင်၏ ကျွန် ခံ ရပါမည် ဟု လျှောက် ကြ၏။
Genesis 50:20သင် တို့သည် ကျွန်ုပ် ကို ညှဉ်းဆဲ မည်ကြံ ကြသော်လည်း ၊ ဘုရားသခင် သည် ယနေ့ ဖြစ်သည်အတိုင်း ၊ လူ များ အသက် ချမ်းသာစေခြင်းငှါ ကျေးဇူး ပြု မည် ကြံ တော်မူ၏။
1 Samuel 1:19ထိုသူတို့သည် နံနက် စောစောထ ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုးကွယ် ပြီးလျှင် ၊ ရာမ မြို့မှာရှိသော မိမိ တို့အိမ် သို့ ပြန် သွားကြ၏။ ထိုအခါ ဧလကာန သည် မယား ဟန္န နှင့် ဆက်ဆံ ၍ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊
2 Samuel 16:10ရှင် ဘုရင်က အိုဇေရုယာ သား တို့၊ သင် တို့သည်ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲ ပါလေ စေ။ ဒါဝိဒ် ကို ကျိန်ဆဲ လော့ဟု ထာဝရဘုရား မှာ ထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု အဘယ်သူ ဆို ရမည်နည်းဟူ၍၎င်း၊
Esther 4:14ယခု ကာလ သင်သည်တိတ်ဆိတ် စွာနေလျှင် ၊ သင် နှင့် သင် ၏ အဆွေ အမျိုးသည် ပျက်စီး ၍ ၊ ယုဒ လူတို့ အသက်ရှင်ခြင်း၊ ကယ်တင် ခြင်း အကြောင်းတစုံတခုပေါ် လိမ့်မည်။ ယခု အမှုကိုဆောင်ဘို့ရာသင်သည် မိဖုရား အရာကိုရ သည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာ အား ပြန် ပြောစေခြင်းငှါ မှာ လိုက်၏။
Psalms 105:16တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ် ခြင်းဘေးကို ခေါ် ၍၊ အစာ အာဟာရတည်းဟူသောအထောက် အပင့် ရှိသမျှ ကို ချိုးဖျက် တော်မူသောအခါ၊