ကမ္ဘာဦးကျမ်း 47:26
ထိုကြောင့်ဖါရော မင်းမ ပိုင်သော ယဇ်ပုရောဟိတ် တို့ မြေ ကိုထား၍၊ ဖါရော မင်းသည် ငါး ဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့ တိုင်အောင်အဲဂုတ္တု ပြည် ၌တည်သော ဓမ္မသတ် ကို ယောသပ် စီရင် ၍ ထား သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
27ဣသရေလ သားတို့သည်၊ အဲဂုတ္တု ပြည် ဂေါရှင် အရပ် ၌ နေ သဖြင့် ၊ ဥစ္စာ ရတတ်၍ တိုး ပွါးများပြား ကြ၏။
Cross References
Genesis 14:20သင် ၏ ရန်သူ တို့ကို သင် ၏လက် ၌ အပ်နှံ တော်မူသော အမြင့်ဆုံး သော ဘုရား သခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို ၏။ အာဗြံသည်လည်း ဥစ္စာ ရှိသမျှတို့ကို၊ ထိုမင်း အား ဆယ် ဘို့တဘို့ လှူ လေ၏။
Genesis 41:34ခန့်ထားတော်မူသောသူသည်လည်း တပြည် လုံး၌ အကြီး အကြပ်တို့ကို ခန့် ထား၍ ၊ ဝပြော သောနှစ် ခုနစ် နှစ် ပတ်လုံး တပြည် လုံးတွင် ငါး ဘို့တဘို့ကောက်ယူကြ ပါစေ။
Leviticus 27:30စပါး ဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေ ကဖြစ်သမျှ သောအသီးအနှံဆယ် စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
Deuteronomy 14:22လယ်ယာ ၌ တနှစ် တနှစ် တွင် သိမ်း ရသောအသီးအနှံ ဆယ်ဘို့ တဘို့ကို အမှန်ခွဲထားရမည်။
Ezra 7:24ထိုမှတပါး၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်၊ ဘုရား သခင်၏ အိမ် တော်အမှု စောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန် တော်အကောက် တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။