ကမ္ဘာဦးကျမ်း 8:20
နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 4:4အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
Genesis 7:3မိုဃ်းကောင်းကင် ငှက် ၊ တမျိုးမျိုးတွင်လည်း အထီး အမ ခုနစ် စုံစီ၊ အသီးသီး တို့ကို သိမ်းယူ ရမည်။
Genesis 12:8ထို အရပ်မှ သွား ပြန်၍ ၊ ဗေသလ မြို့အရှေ့ ၌ ရှိသောတောင် သို့ ပြောင်းသဖြင့်၊ ဗေသလ မြို့အရှေ့၊ အာဣ မြို့ အနောက် စပ်ကြားမှာ တဲ ကိုဆောက် ၍ ၊ ထာဝရဘုရား သို့ ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမ တော်ကို ပဌာန ပြု၏။
Genesis 13:18တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။
Genesis 22:9ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။
Genesis 33:20ထို အရပ်၌လည်း ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ဧလေလောဣသရေလ ဟူ၍ သမုတ် လေ၏။