ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:16
သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 2
Cross References
Psalms 75:8ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။
Isaiah 20:4ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။
Isaiah 47:3သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက် ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။
Isaiah 51:21သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ် ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။
Jeremiah 25:26တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။
Lamentations 4:21ဥဇပြည်၌ နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက် ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။