ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:8
သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 2
Cross References
Proverbs 22:23အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
Isaiah 33:4သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည်။
Jeremiah 27:7သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
Jeremiah 50:10ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Jeremiah 50:18ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေး မည်။
Jeremiah 50:33ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။