ဟေဗြဲဩဝါဒစာ 11:7
နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 6:13ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။
Genesis 7:23မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။
Genesis 19:14လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။
2 Kings 4:5ထိုမိန်းမသည် သွား ၍ သား တို့သည် အိုးများကို ယူခဲ့ ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍ တံခါး ကိုပိတ် လျက် ဆီကို လောင်း လေ၏
Proverbs 22:3သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍ ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား ၊ အစဉ်အတိုင်း သွား ၍ အမှု နှင့်တွေ့တတ်၏။
Ezekiel 3:17အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။