ဟေဗြဲဩဝါဒစာ 11:9
သူတစ်ပါး ပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိ တော်နှင့် စပ်ဆိုင်သော ပြည် ၌ယုံကြည် ခြင်းအားဖြင့်ဧည့်သည် ဖြစ်၍နေ၏။ ထိုဂတိ တော်ကို အမွေ ခံရသော အဖော်အဖက်တည်းဟူသောဣဇာက် ၊ ယာကုပ် တို့နှင့်အတူ တဲ ၌ နေ လေ၏
မြန်မာကျမ်းစာ
In The King James Version
In Context
10အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင် ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ ကိုမြော်လင့် သတည်း
Cross References
Genesis 13:3တဖန် တောင် ပိုင်းမှ ခရီး သွား ၍ ၊ ဗေသလ နယ် အတွင်း ၊ ဗေသလ မြို့၊ အာဣ မြို့စပ်ကြား ၌ ၊ အထက် က တဲ ကိုဆောက်၍၊
Genesis 17:8သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
Genesis 18:6အာဗြဟံ သည်လည်း ၊ တဲ အတွင်း ၌ရှိသောစာရာ ဆီသို့ အလျင်အမြန် ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက် သုံး စလယ် ကို အသော့ ပြင်၍နယ် ပါ။ ပေါင်မုန့် ကို လုပ် ပါဟုဆို လေ၏။
Genesis 21:34ဖိလိတ္တ ပြည် မှာ ကာလ ရှည် ကြာစွာ တည်း နေ သတည်း။
Genesis 25:27သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။
Genesis 28:4အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။