ဟေဗြဲဩဝါဒစာ 13:15
ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ဝန်ခံ လျက်၊ နှုတ်ခမ်း အသီး တည်းဟူသောချီးမွမ်း ခြင်းယဇ် ကို သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အစဉ် ပူဇော် ကြကုန်အံ့
မြန်မာကျမ်းစာ
In The King James Version
In Context
14အကြောင်းမူကား ၊ ငါ တို့သည် ဤ ဘဝ၌ အမြဲ တည်သော မြို့ မ ရှိ၊ နောက်ဖြစ် လတံ့သော မြို့ကိုရှာ ကြ၏
Cross References
Leviticus 7:12ကျေးဇူး တော်ဝန်ခံဘို့ ရာပူဇော် လျှင် ၊ ကျေးဇူး တော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရော သော တဆေး မဲ့ မုန့်ပြား ၊ ဆီ နှင့် လုပ် သော တဆေး မဲ့မုန့်ကြွပ် ၊ ဆီ ရော သော မုန့်ညက် နှင့် လုပ်၍ ကြော် သော မုန့်ပြား တို့ကို ပူဇော် ရမည်။
2 Chronicles 7:6ယဇ် ပုရောဟိတ်တို့သည် မိမိ တို့အမှု ကို ဆောင်ရွက် ကြ၏။ လေဝိ သားတို့သည် ထာဝရ ဘုရား၏ ကရုဏာ တော် အစဉ်အမြဲ တည်သောကြောင့်၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စရာဘို့ ဒါဝိဒ် မင်းကြီးစီရင် သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် မတ်တတ် နေကြ၏။
2 Chronicles 33:16ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် ၍ ၊ မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။
Nehemiah 12:40တဖန် သီချင်း သည်နှစ် စုသည် ဘုရား သခင်အိမ် တော်တွင် ရပ်၍၊ တဝက် သော မင်း အရာရှိတို့သည် ငါ နှင့်အတူ၊
Psalms 18:49ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ ၊ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။
Psalms 50:23ကျေးဇူး ချီးမွမ်းခြင်းယဇ် ပူဇော်သောသူသည် ငါ ၏ဘုန်း ကို ထင်ရှားစေသောသူဖြစ်၏။ မိမိ သွားသော လမ်း ကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို ငါပြ မည်ဟု ဘုရား သခင်မိန့်တော်မူ၏။