ဟေဗြဲဩဝါဒစာ 13:17
သင် တို့ကို အုပ် သောသူ တို့၏ စကားကို နားထောင် ၍ နှိမ့်ချ လျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာစောင့် နေကြကုန်၏။ သင် တို့ အကျိုး ကို မဖြစ်စေတတ်သော ဝမ်းနည်း ခြင်းမ ရှိ၊ ဝမ်းမြောက် ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 32:31ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
1 Samuel 15:19သို့ဖြစ်၍ သင်သည် ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ ရန်သူ၏ ဥစ္စာ ကို လုယူ၍ ထာဝရဘုရား ရှေ့ တော်၌ ဤဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်းဟု ပြောဆိုသော်၊
Isaiah 62:6အိုယေရုရှလင် မြို့၊ နေ့ ညဉ့် မပြတ် တိတ်ဆိတ် စွာ မ နေရသော လူစောင့် တို့ကို သင် ၏မြို့ရိုး ပေါ် မှာ ငါထား ပြီ။ ထာဝရဘုရား ကို အောက်မေ့ စေသောသူတို့၊ တိတ်ဆိတ် စွာ မ နေကြနှင့်။
Ezekiel 3:17အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။
Ezekiel 33:7ထိုအတူ ၊ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး ၌ ကင်းစောင့် စေခြင်းငှါငါခန့်ထား သောကြောင့် ၊ သင်သည်ငါ ၏ နှုတ် ထွက်စကား ကို နားခံ ၍ သူ တို့ကို သတိပေး ရမည်။
Acts 20:24သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊