ဟေဗြဲဩဝါဒစာ 13:20
ထာဝရ ပဋိညာဉ် တရား၏ အသွေး တော်အားဖြင့် ၊ သိုး များကိုထိန်းသော သိုးထိန်း ကြီး ဖြစ်သော ငါ တို့သခင် ယေရှု ကိုသေ ခြင်းမှ နှုတ်ဆောင် တော်မူသော၊ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် သည်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 24:8မောရှေ သည်လည်း ၊ အသွေး ကို ယူ ၍ လူ များအပေါ် မှာ ဖြန်း လျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင် တို့၌ ထာဝရဘုရား ဝန်ခံ တော်မူသော ပဋိညာဉ် ၏အသွေး ဖြစ်သည်ဟု ပြောဆို ၏။
Psalms 80:1သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Isaiah 55:3နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။
Isaiah 63:11ထိုအခါ ထာဝရ ဘုရား၏ လူ တို့သည် ရှေး ကာလ ၊ မောရှေ ၏ကာလကို အောက်မေ့ ကြ၏။ မိမိ လူ တို့ ကို သိုးထိန်း နှင့် တကွပင်လယ် ထဲက ထုတ် ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိ လူတို့အထဲ ၌ သန့်ရှင်း သော ဝိညာဉ် တော်ကို သွင်း လျက်၊
Ezekiel 34:23သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။