ဟေဗြဲဩဝါဒစာ 2:18
ထိုသို့စုံစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော် တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူ တို့ကို မစ ခြင်းငှာတတ်နိုင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
For in that he himself hath suffered being tempted, he is able to succour them that are tempted.
In Context
Cross References
Matthew 26:37ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
John 10:29ထိုသိုးတို့ကို ငါ့ ၌အပ်ပေး တော်မူသောငါ့ ခမည်းတော် သည် ခပ်သိမ်း သောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ် ၍၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက် မှ မနှုတ် မယူနိုင် ရာ။
2 Corinthians 12:7ငါခံရသောဗျာဒိတ် တော် အလွန် ထူးမြတ်၍ ငါသည်ထောင်လွှား သောစိတ်မ ရှိစေခြင်းငှာ ၊ ငါ့ ကို ဒဏ်ခတ် သော စာတန် ၏တမန် တည်းဟူသောငါ့ ကိုယ် ၌ စူးသော ဆူးကို ပေး တော်မူ၏။
2 Timothy 1:12ထို အကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက် ခြင်းမ ရှိ။ အဘယ်သူ ကိုငါယုံကြည် သည်ဟု ငါသိ ၏။ သူ၌ငါအပ် ထားသောအရာကိုလည်း၊ ထို နေ့ရက် တိုင်အောင်စောင့် နိုင် တော်မူသည်ဟု ငါသဘောကျ ၏။
Hebrews 5:2သူ သည် ကိုယ်တိုင်နွမ်းရိ အားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက် သောသူ၊ မှားယွင်း သောသူတို့ကို သည်းခံ ခြင်းငှာတတ်နိုင် ၏
Hebrews 7:25ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏