ဟေဗြဲဩဝါဒစာ 3:6
ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 2:12သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။
Ezekiel 46:10ပြည်သား တို့တွင် မင်းသား ဖြစ်သောသူသည် သူ တို့ ဝင် သောအခါ ဝင် ရမည်။ သူ တို့ထွက် သောအခါ ထွက် ရမည်။
Matthew 16:18ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။
John 3:35ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။
Romans 11:22သို့ဖြစ်၍ ၊ လဲ သောသူ တို့၌ ပြင်းစွာ စီရင် တော်မူခြင်းကို၎င်း၊ ကျေးဇူး တော်၌သင်သည် တည်နေ လျှင် ၊ သင် ၌ ပြု တော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့ လော့။ ကျေးဇူး တော်၌ မတည်မနေလျှင်၊ သင် သည်လည်း ခုတ်ပစ် ခြင်းကိုခံရမည်။
Romans 15:13သင် တို့သည်သန့်ရှင်း သောဝိညာဉ် တော်၏ တန်ခိုး အားဖြင့် မြော်လင့် ခြင်းပါရမီနှင့် ကြွယ်ဝ စေခြင်းငှာ၊ ယုံကြည် သောစိတ်ရှိ၍ ဝမ်းမြောက် သက်သာ ခြင်းအမျိုးမျိုး တို့နှင့် ပြည့်စုံ မည်အကြောင်း၊ မျှော်လင့် ခြင်း၏အရှင်၊ ဘုရားသခင် သည် ကယ်မသနားတော်မူပါစေသော။