ဟောရှေအနာဂတ္တိကျမ်း 1:2
သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 1
Cross References
Exodus 34:16သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
2 Chronicles 21:13ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း ၊
Psalms 106:39သူတို့သည် ကိုယ် အကျင့် အားဖြင့် ကိုယ်ကို ညစ်ညူး စေ၍ ၊ ကိုယ် အမှု တို့တွင် မှားယွင်း ကြ၏။
Jeremiah 2:13ငါ ၏ လူ တို့သည် အသက် စမ်း ရေတွင်း တည်း ဟူသော၊ ငါ့ ကိုစွန့်ပယ် ၍၊ ရေ မ လုံ ၊ ပဲ့ ပျက်သောရေကျင်း တို့ကို တူး သောအားဖြင့် ဒုစရိုက် နှစ် ပါးကို ပြု ကြပြီ။
Jeremiah 2:23သင်ကလည်း၊ ငါသည် ညစ်ညူး ခြင်းမ ရှိ၊ ဗာလ ဘုရားတို့ နောက် သို့မ လိုက် ဟု အဘယ်သို့ ဆို နိုင်သနည်း။ ချိုင့် ၌ သင် လိုက်သော လမ်း ကိုကြည့်ရှု လော့။ သင်ပြု သော အမှုတို့ကို ဝန်ခံ လော့။ လျင်မြန် စွာ ပြေး၍ လှည့်လည် တတ်သော ကုလားအုပ် မပါတကား။
Jeremiah 3:9သူသည် မတရား သောမေထုန် ကိုပြု၍ အလွန် လော်လည် သောအားဖြင့် ပြည် ကို ညစ်ညူး စေ၍ ၊ ကျောက် နှင့် ၎င်း ၊ သစ် တုံးနှင့် ၎င်း မှားယွင်း လေ၏။