ဟောရှေအနာဂတ္တိကျမ်း 12:7
သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။
1835 Judson Burmese Bible
In The King James Version
He is a merchant, the balances of deceit are in his hand: he loveth to oppress.
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 12
Cross References
Genesis 49:18အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
1 Samuel 12:3ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏ နွားကို ငါယူဘူးပြီနည်း။ အဘယ်သူ၏ မြည်းကို ယူဘူးပြီ နည်း။ အဘယ်သူကို လှည့်စားဘူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဘူးပြီနည်း။ ကိုယ်မျက်စိကို ကွယ် စေခြင်းငှါ အဘယ်သူလက်မှ တံစိုးကို ခံဘူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသော သူရှေ့မှာ ငါ့တဘက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊
Proverbs 16:11မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
Isaiah 56:1ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။
Ezekiel 22:29ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ၏။
Joel 2:12သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။