ဟောရှေအနာဂတ္တိကျမ်း 2:11
သူ ရွှင်လန်း စရာအကြောင်းရှိသမျှ နှင့် ပွဲခံ ခြင်း၊ လဆန်း နေ့၊ ဥပုသ် နေ့စောင့်ခြင်း၊ ပရိသတ် စည်းဝေးခြင်း အလုံးစုံ တို့ကို ငါပြတ် စေမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Leviticus 26:20သင် တို့သည် အချည်းနှီး ကြိုးစား အားထုတ် ကြလိမ့်မည်။ သင် တို့မြေ သည် မိမိ ဘဏ္ဍာ ကို မ ပေး။ ဥယျာဉ် အပင် တို့သည် အသီး မ သီး ကြ။
Isaiah 1:13အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။
Jeremiah 7:34ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ နှင့် မင်္ဂလာဆောင်သတို့သမီး အသံ ကိုငါစဲ စေမည်။ တပြည် လုံးသည် လူဆိတ်ညံ ရာအရပ်ဖြစ် လိမ့်မည် ဟုမိန့်တော်မူ၏။
Jeremiah 25:10ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။
Hosea 3:4အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် မ ရှိ၊ မင်းသား မ ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု မ ရှိ၊ သင်တိုင်း မ ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။
Hosea 9:2ကောက်နယ် တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီး နယ်ရာ ကျင်းအားဖြင့်လည်း အသက် မ မွေးရ။ စပျစ်ရည် သစ်လည်း သူ တို့ မြော်လင့်သည်အတိုင်း မထွက် ရ။