ဟောရှေအနာဂတ္တိကျမ်း 2:5
သူ တို့အမိ သည် ပြည်တန်ဆာ ဖြစ်၏။ သူ တို့ကို ပဋိသန္ဓေ ယူ သောသူသည် ရှက်ဘွယ် သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ သိုးမွှေး ၊ ငါ့ ပိုက်ဆန် ၊ ငါ့ ဆီ ၊ ငါ သောက် သောအရည်တို့ကိုပေး တတ်သော ငါ့ ရည်းစား များ နောက် သို့ ငါလိုက် မည်ဟုဆို ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
4သူ ၏သားသမီး တို့သည် သူ မျောက်မထား ၍ ရသောသားသမီး ဖြစ်သောကြောင့် သူတို့ကို ငါမ သနား မစုံမက်ဘဲ နေမည်။
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Ezra 9:6အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။
Isaiah 50:1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။
Jeremiah 2:20ရှေး ကာလ၌ သင် ထမ်းရသောထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ ခြင်းကို ငါချိုးချွတ် ၍ သင်က၊ အကျွန်ုပ်သည် မ မှားယွင်း ဘဲ နေ ပါမည်ဟု ဂတိ ထား သော်လည်း ၊ မြင့် သောတောင် ရှိသမျှ အပေါ် ၌၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် ၌၎င်း ၊ ကိုယ် ကိုချ၍ ပြည်တန်ဆာ လုပ် လေ၏။
Jeremiah 3:1ယောက်ျား စွန့်ပစ် သော မိန်းမ သည် ထွက် သွား၍၊ အခြား သောသူ ၏မယားဖြစ် ပြီးမှ၊ အရင်လင်သည် ထိုမိန်းမ ကို ပြန် ၍ယူ သင့်သလော။ ထို သို့ပြုသောပြည် သည် ညစ်ညူး သည်မ ဟုတ်လောဟု ဆိုလေ့ရှိလျက် နှင့်၊ သင် သည်များစွာ သော ရည်းစား တို့၌မှီဝဲ၍ မှားယွင်း သော်လည်း ၊ ငါ့ ထံသို့ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ ၏။
Jeremiah 11:13အိုယုဒ ပြည်၊ သင် သည်မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ ယေရုရှလင် မြို့လမ်း များ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ် ပလ္လင်များ၊ ဗာလ ဘုရားရှေ့ မှာ နံ့သာပေါင်း ရှို့ ရာ ယဇ်ပလ္လင် များကို တည် ကြပြီ။
Jeremiah 44:17ငါ တို့မှစ၍ငါ တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ ပြု ဘူး သကဲ့သို့ ၊ ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာကိုပြု ခြင်းငှါ၊ ကိုယ် အလိုအလျောက်စီရင်သည်အတိုင်း ဆက်ဆက်ပြု မည်။ အထက်က ဝစွာ စားရကြ၏။ ဘေး နှင့်လွတ်၍ ချမ်းသာ စွာ နေ ရကြ၏။