ဟောရှေအနာဂတ္တိကျမ်း 4:2
ကျိန်ဆဲ ခြင်း၊ မုသာ စကားကို ပြောခြင်း၊ လူအသက် ကို သတ် ခြင်း၊ သူ့ဥစ္စာကိုခိုး ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်းတို့၌ အဆီး အတားမရှိ။ လူအသက်ကိုသတ် သောအပြစ် အထပ်ထပ်ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Isaiah 24:5ပြည်သား တို့သည် တရား တော်ကို လွန်ကျူး ခြင်း၊ အမိန့် တော်ကို ပြောင်းလဲ ခြင်း၊ ထာဝရ သစ္စာ တော်ကို ဖျက် ခြင်းအကြောင်းကြောင့် ၊ ပြည် တော်သည် ညစ်ညှုး ခြင်းရှိ ၏။
Isaiah 59:2သင် တို့ဒုစရိုက် သည် သင် တို့ကို ဘုရား သခင်နှင့် ကွာ စေပြီ။ ကြား တော်မမူစေခြင်းငှါ၊ သင် တို့အပြစ် သည် မျက်နှာ တော်ကို လွှဲ စေပြီ။
Jeremiah 5:1ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။
Jeremiah 5:7ထို သို့သော အပြစ်မှ သင့် ကို အဘယ် သို့ငါလွှတ် နိုင်သနည်း။ သင် ၏ သားသမီး တို့သည် ငါ့ ကိုစွန့် ၍ ၊ ဘုရား မ ဟုတ်သောသူတို့ ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝ စွာကျွေးသောအခါသူ တို့သည် ပြည်တန်ဆာ အိမ် ၌ စည်းဝေး ၍ မှားယွင်း ကြပြီ။
Jeremiah 6:7စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
Jeremiah 9:2ငါသည် ငါ ၏ လူမျိုး ကို စွန့် ၍ ထွက်သွား နိုင် အောင် တော ၌ တဲ စားခန်းရှိပါစေသော။ အကြောင်း မူကား ၊ ထိုသူ အပေါင်း တို့သည် သူ့ မယားကို ပြစ်မှားသောသူ ၊ သစ္စာ ပျက်သော အစည်း အဝေးဖြစ်ကြ၏။