ဟောရှေအနာဂတ္တိကျမ်း 5:7
သူတို့သည်ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
6သိုးစု နွားစု ပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။
Read all of ဟောရှေအနာဂတ္တိကျမ်း 5
Cross References
Psalms 144:7အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ် ကို နှုတ်တော်မူပါ။ တခဲနက်သောရေထဲက၎င်း၊ တကျွန်း တနိုင်ငံသားတို့၏လက်ထဲက၎င်း၊ ဆယ်ယူကယ်တင် တော်မူပါ။
Isaiah 48:8အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
Jeremiah 3:20အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
Ezekiel 12:28သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကားပြည့်စုံချိန်မရွှေ့ရ။ ငါပြော သည်၊ အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
Hosea 2:11သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
Hosea 7:13သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။