ဟောရှေအနာဂတ္တိကျမ်း 6:5
ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 6
Cross References
Genesis 18:25ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။
1 Samuel 15:22ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
1 Kings 17:1ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
1 Kings 19:17သို့ဖြစ်၍ ဟာဇေလ ထား နှင့်လွတ် သောသူကို ယေဟု သတ် လိမ့်မည်။ ယေဟု ထား နှင့်လွတ် သောသူကို ဧလိရှဲ သတ် လိမ့်မည်။
2 Chronicles 21:12ပရောဖက် ဧလိယ ပေးလိုက်သောစာ သည် ထိုမင်း ထံ သို့ရောက် သဖြင့် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ခမည်းတော် ယောရှဖတ် လမ်း နှင့် ယုဒ ရှင်ဘုရင် အာသ လမ်း သို့ မ လိုက်၊
Job 34:10သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။