ဟောရှေအနာဂတ္တိကျမ်း 6:9
ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ၌ ပင် အသက် ကိုသတ် တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8ဂိလဒ် မြို့ သည် အဓမ္မ ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့် စွန်း သော ခြေရာများ၏။
Read all of ဟောရှေအနာဂတ္တိကျမ်း 6
Cross References
1 Kings 12:25ထိုနောက် ယေရောဗောင် သည် ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို တည် ၍ နေရာ ချ၏။ ထို မြို့မှ သွား ၍ ပေနွေလ မြို့ကိုလည်း တည် ၏။
Job 1:15ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
Jeremiah 7:9သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊
Ezekiel 22:9သင့် အလယ် ၌ လူအသက် ကိုသတ် လို၍ ကုန်းတိုက် သောသူ၊ တောင် ပေါ်မှာ စား သောသူ၊ အဓမ္မ အမှုကိုပြု သောသူရှိ ကြ၏။
Hosea 5:1အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။
Hosea 7:1ဣသရေလ ၏ အနာ ကို ပျောက်စေခြင်းငှါ ငါ ပြု သောအခါ ၊ ဧဖရိမ် ၏အပြစ် နှင့် ရှမာရိ ပြုသော အဓမ္မ အမှုသည် ထင်ရှား ပြန်၏။ သူတို့သည် သစ္စာ ပျက်ကြပြီ။ အထဲသို့ သူခိုး ဝင် တတ်၏။ ပြင် ၌ လည်း ထားပြ အလုံးအရင်းတို့သည် တိုက် တတ်ကြ၏။