The Bible Software
bible.software › ဟောရှေအနာဂတ္တိကျမ်း › ဟောရှေအနာဂတ္တိကျမ်း 9 › ဟောရှေအနာဂတ္တိကျမ်း 9:10

ဟောရှေအနာဂတ္တိကျမ်း 9:10

တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား၍၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ၏။

1835 Judson Burmese Bible

In The King James Version

I found Israel like grapes in the wilderness; I saw your fathers as the firstripe in the fig tree at her first time: but they went to Baal-peor, and separated themselves unto that shame; and their abominations were according as they loved.

In Context

9ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ။ သူတို့အပြစ်ကို အောက်မေ့၍ ဒုစရိုက်များကို စစ်ကြောတော်မူမည်။

11ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဘွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။

Read all of ဟောရှေအနာဂတ္တိကျမ်း 9

Cross References

Numbers 13:23ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။

Numbers 18:13ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ၏။

Numbers 25:3ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။

Deuteronomy 32:10လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ် လပ်သောတောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကို ပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။

Judges 6:32ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့်၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျှက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။

2 Kings 17:11သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟောရှေအနာဂတ္တိကျမ်း 9:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟောရှေအနာဂတ္တိကျမ်း 9:9ဟောရှေအနာဂတ္တိကျမ်း 9ဟောရှေအနာဂတ္တိကျမ်း 9:11 →