Isaiah 1:24
ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 32:43တပါးအမျိုးသား တို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုး နှင့်အတူဝမ်းမြောက် ခြင်းရှိကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ ကျွန် တို့ကိုသတ် သော အပြစ် နှင့် အလျောက်ဒဏ် ပေး၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ် တရားကို စီရင်တော်မူမည်။ ပြည် တော်နှင့် မိမိ လူမျိုး ကို ကယ်မ သနားတော်မူမည်ဟူသော၊
Proverbs 1:25ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ၍ ၊ ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ မ ခံဘဲနေသောကြောင့် ၎င်း၊
Isaiah 35:4အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
Isaiah 60:16သင် သည် တပါးအမျိုးသား တို့၏ နို့ ကို စို့ ရ လိမ့်မည်။ ရှင်ဘုရင် တို့၏သားမြတ် ကိုလည်း စို့ ရလိမ့်မည်။ ငါ ထာဝရဘုရား သည်၊ သင့် ကို ကယ်တင် သောသူ၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသောဘုရားသည်၊ သင့် ကို ရွေးနှုတ် သောသူဖြစ် ကြောင်းကို သင်သည် သိ ရလိမ့်မည်။
Isaiah 63:4အပြစ် ပေးသော နေ့ရက် ကို ငါ အောက်မေ့ ပြီ။ ငါ ရွေးနှုတ် သောသူတို့ ၏ နှစ် သည် ရောက် လာပြီ။
Ezekiel 5:12သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။