Isaiah 1:29
သင်တို့သည် တပ်မက် ဘူးသော သပိတ် ပင်တို့ ကြောင့် ရှက် ကြလိမ့်မည်။ သင်တို့သည် ရွေး ယူဘူးသော ဥယျာဉ် တို့ကြောင့် မျက်နှာပျက် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 31:7အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ လက် ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို ကာလ ၌ ပစ် လိုက် ကြလိမ့်မည်။
Isaiah 57:5စိမ်းသော သစ်ပင် ရှိသမျှ အောက် မှာ ရုပ်တု ဆင်းတု၌ တပ်မက် သောသူ၊ ချိုင့် ထဲ ၊ ကျောက် စောင်း အောက်မှာ သူငယ် ကိုသတ် သောသူမဟုတ်လော။
Isaiah 66:17တဖန်မိန့်တော်မူသည်ကား၊ ဝက် သား ၊ ကြွက် သား၊ ရွံရှာဘွယ် သောအရာကို စား လျက်၊ ဥယျာဉ် တို့တွင် အလယ် ၌ရှိသောသူတ ယောက်နောက် သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်း စင်ကြယ်စေသောသူတို့ သည် တပြိုင်နက် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ သူ တို့၏အကျင့် ကို၎င်းအကြံအစည် တို့ကို၎င်းငါ သိ၏။
Jeremiah 3:6ယောရှိ မင်းကြီး လက်ထက် ၊ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည်ကား၊ ဖောက်ပြန် သော ဣသရေလ အမျိုးပြု သော အမှုကိုသင်မြင် ပြီလော ။ မြင့် သော တောင် ရှိသမျှ အပေါ် သို့တက် ၍ ၎င်း ၊ စိမ်း သောသစ် ပင် ရှိသမျှ အောက် ၌ ၎င်း ပြည်တန်ဆာ လုပ်လေပြီ။
Ezekiel 16:63သင်ပြု ဘူးသမျှ သော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့ ၍ ရှက်ကြောက် ခြင်းနှင့် မျက်နှာ ပျက်ခြင်းကြောင့် ၊ နှုတ် ကို မ ဖွင့် ဘဲနေ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
Hosea 4:13တောင် ထိပ် ပေါ် ၊ ကုန်း ပေါ် မှာ၎င်း ၊ အရိပ် ကောင်း သောသပိတ် ပင်မျိုး၊ လိဗနော ပင် အောက် မှာ၎င်း ၊ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့် ၊ သင် တို့သမီး တို့သည် ယောက်ျား နှင့် မှားယွင်း၍ ၊ ချွေးမ တို့သည် မျောက်မထား တတ်ကြ၏။