Isaiah 1:31
ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 15:14လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူ့ လက် ၌ ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။
Isaiah 9:19ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမျက် တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
Isaiah 27:4ငါ့ အမျက် ငြိမ်းပြီ။ ဆူး ပင်မျိုးကိုမူကား၊ စစ် ပွဲ၌ ငါ တွေ့ပါစေသော။ ချက်ချင်းတိုက် ၍ တပြိုင်နက် မီးရှို့ မည်။
Isaiah 34:9ထိုပြည် ၏မြစ် ရေသည် ထင်းရူး စေး၊ မြေမှုန့် လည်း ကန့် ၊ တပြည် လုံးလည်း မီး လောင်သော အစေး ဖြစ် လိမ့်မည်။
Isaiah 50:11မီး ကိုညှိ ၍ မိမိတို့ကို မီးပွား တို့နှင့် ဝန်းရံ စေသော သူအပေါင်း တို့၊ သင် တို့မီး ၏အလင်း ၌ ၎င်း၊ သင်တို့ပြုစု သော မီးစ များ၌၎င်း သွား လာကြလော့။ ငါ့ လက် ၌ ခံရသော အကျိုးဟူမူကား၊ သင် တို့သည် ဝမ်းနည်း လျက် အိပ် ရကြလိမ့်မည်။
Ezekiel 20:47အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။