Isaiah 1:6
ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 2:7စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။
Psalms 38:3အမျက် တော်ထွက်သောကြောင့် ၊ အကျွန်ုပ် အသား သည် ကျန်းမာ ခြင်းမ ရှိပါ။ ဒုစရိုက် အပြစ်ကြောင့် အရိုး များထဲ မှာ သက်သာ ခြင်းမ ရှိပါ။
Jeremiah 6:7စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
Jeremiah 8:21ငါ ၏လူမျိုး သတို့သမီး သည် နာ သောကြောင့် ၊ ငါ လည်းနာ ရ၏။ ကြမ်းတမ်း သော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
Jeremiah 30:12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အနာ သည် ပျောက် ခဲ၏။ သင် ခံရသောဝေဒနာ သည် ပြင်း လှ ၏။
Jeremiah 33:6သို့ရာတွင်၊ ငါ သည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက် စေမည်။ မြို့သားတို့သည် ကျန်းမာ မည် အကြောင်း ၊ မြဲ သောစည်းစိမ်ချမ်းသာ နှင့် ပြည့်စုံ မည် အကြောင်းကို ငါပြ မည်။