Isaiah 10:24
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် မြို့၌နေ သောငါ ၏လူမျိုး ၊ အာရှုရိ မင်းကြောင့် မ ကြောက် နှင့်။ သူ၏ ကြိမ်လုံး နှင့် သင့် ကိုရိုက် မည်။ အဲဂုတ္တု မင်း ပြု သည်နည်းတူ သူ ၏လှံတံ ကို သင် ၏အပေါ် မှာမိုး လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 1:10လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
Exodus 5:14ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
Exodus 14:21မောရှေ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ၊ ထာဝရဘုရား သည် တညဉ့် လုံး ၌ အားကြီး သော အရှေ့ လေ အားဖြင့် ပင်လယ် ရေကို လှန် ပြန်၍ ၊ မြေ ကို ပေါ်စေတော်မူသည်နှင့် ၊ ရေ သည် ကွဲပြတ် လျက်ရှိ၏။
2 Kings 19:6ဟေရှာယ ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကိုကဲ့ရဲ့ ၍ သင်သည်ကြား ရသော စကား ကြောင့် မ ကြောက် နှင့်
Isaiah 4:3ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊
Isaiah 9:4အကြောင်း မူကား၊ မိဒျန် လက်ထက် ၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူ တို့ထမ်း ရသောထမ်းဘိုး ၊ ကျော ၌ခံရသောတုတ် ကို၎င်း၊ ညှဉ်းဆဲ သောသူ၏ လှံတံ ကို၎င်းချိုး တော်မူပြီ။