Isaiah 10:9
ကာလနော မြို့သည် ခါခေမိတ် မြို့ကဲ့သို့ ၎င်း၊ ဟာမတ် မြို့သည် အာပဒ် မြို့ကဲ့သို့ ၎င်း၊ ရှမာရိ မြို့သည် ဒမာသက် မြို့ကဲ့သို့ ၎င်း ဖြစ်သည် မဟုတ် လော။
မြန်မာကျမ်းစာ
In The King James Version
Is not Calno as Carchemish? is not Hamath as Arpad? is not Samaria as Damascus?
In Context
8သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
Cross References
Genesis 10:10သူ ၏ နိုင်ငံ အဦး ကား၊ ရှိနာ ပြည် ၌ ဗာဗုလုန် မြို့၊ ဧရက် မြို့၊ အက္က မြို့ကာလနေ မြို့တည်း။
2 Kings 16:9အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏
2 Kings 17:24အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
2 Kings 18:10သုံး နှစ် စေ့ သောအခါ ၊ ဟေဇကိ နန်းစံခြောက် နှစ် ၊ ဣသရေလ ရှင်ဘုရင် ဟောရှေ နန်းစံကိုး နှစ် တွင် ရှမာရိ မြို့ကိုတိုက် ၍ရကြ၏
Isaiah 7:8ရှုရိ ပြည်၏ခေါင်း ကား၊ ဒမာသက် မြို့။ ဒမာသက် မြို့၏ခေါင်း ကား၊ ရေဇိန် မင်းဖြစ်ရ၏။ ဧဖရိမ် ပြည်၏ခေါင်း ကား၊ ရှမာရိ မြို့။ ရှမာရိ မြို့၏ခေါင်း ကား၊ ရေမလိ သား ဖြစ်ရ၏။
Isaiah 33:8လမ်း မတို့သည် ဆိတ်ညံ ကြ၏။ လမ်း ခရီး၌ သွား လာသောသူမရှိ။ ထိုမင်းသည် သစ္စာ ပျက် လေပြီ။ မြို့ များကိုလည်း ပယ် လေပြီ။ အဘယ်သူ၏ မျက်နှာကို မ မှတ် တတ်။