Isaiah 14:7
မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
The whole earth is at rest, and is quiet: they break forth into singing.
In Context
6ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
Cross References
Psalms 98:1ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
Psalms 126:1ဘမ်း သွားချုပ်ထားသော ဇိအုန် သားတို့ကို ထာဝရဘုရား ပြန်လာ စေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ် ကြ၏။
Isaiah 21:2ကြောက်မက် ဘွယ်သော ရူပါရုံ ကို ငါ မြင် ရ၏။ လုယူ တတ်သောသူသည် လုယူ ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး ၏။ ဧလံ ပြည်သားတို့၊ တက် သွားကြလော့။ မေဒိ ပြည်သားတို့၊ မြို့ကိုဝိုင်း ထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွား ခြင်းရှိသမျှ ကို ငါငြိမ်း စေ၏။
Jeremiah 51:48ထိုသို့ မြောက် မျက်နှာအရပ်က လုယူ သောသူတို့ သည် ဗာဗုလုန် မြို့သို့ ရောက်လာ သောအခါ၊ မိုဃ်း မြေ မှစ၍အရပ်ရပ် ၌ရှိသမျှတို့သည် ရွှင်လန်း သော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
Revelation 18:20ကောင်းကင် မှစ၍ သန့်ရှင်း သူ တမန်တော် ပရောဖက် တို့၊ သူ ကို ကြည့်ရှု၍ ဝမ်းမြောက် ကြလော့။ ဘုရားသခင် သည် သင် တို့ဘက်၌ နေ၍၊ သူ့ ကို တရား စီရင် တော်မူပြီဟုပြောဆိုသည်ကို ငါကြား၏။