The Bible Software
bible.software › Isaiah › Isaiah 15 › Isaiah 15:4

Isaiah 15:4

ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။

1835 Judson Burmese Bible

In The King James Version

And Heshbon shall cry, and Elealeh: their voice shall be heard even unto Jahaz: therefore the armed soldiers of Moab shall cry out; his life shall be grievous unto him.

In Context

3လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။

5ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။

Read all of Isaiah 15

Cross References

Genesis 27:46တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။

Numbers 21:23ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။

Deuteronomy 2:32ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-

Judges 11:20ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။

Job 3:20ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။

Isaiah 16:8ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 15:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 15:3Isaiah 15Isaiah 15:5 →