Isaiah 16:12
ထိုအခါ မောဘ သည် မိမိမြင့် သောအရပ်၌ မိမိကို ပင်ပန်း စေခြင်း၊ ပဌနာ ပြုအံ့သောငှါ မိမိ သန့်ရှင်း ရာ ဌာနသို့ ဝင် ခြင်းအရာသည် ထင်ရှား သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
မြန်မာကျမ်းစာ
In The King James Version
In Context
13ထိုသို့ ထာဝရဘုရား သည် မောဘ ၏ အကြောင်း စကား ကို အထက်က မိန့် တော်မူ၏။
Cross References
Numbers 22:41နက်ဖြန် နေ့၌ ဗာလက် မင်းသည် ဗာလမ် ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင် ပြခြင်းငှါဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုး ပေါ်သို့ပို့ဆောင် လေ၏။
Numbers 23:28ယေရှိမုန် မြို့ကို မျက်နှာပြု သော ပေဂုရ တောင်ထိပ် သို့ ဆောင် သွားလေ၏။
1 Kings 11:7ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ၊ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။
2 Kings 3:27နောက်မှ မိမိ ကိုယ်စား နန်း ထိုင်ထိုက်သော သားဦး ကို ယူ ၍ မြို့ရိုး ပေါ် မှာ မီးရှို့ ရာယဇ်ပြု လေ၏။ ဣသရေလ အမျိုးသားတို့သည် သူတပါးအမျက် ထွက်ခြင်း ကို ခံရ သောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ် ပြည် သို့ ပြန်သွား ကြ၏
2 Kings 19:16အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ
Proverbs 1:28ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။