Isaiah 16:4
မောဘ ပြည်မှ နှင်ထုတ် သောသူတို့ သည် သင် နှင့်အတူ နေ ကြစေလော့။ ဖျက်ဆီး သောသူ၏ လက်မှ လွတ် စေခြင်းငှါ သူ တို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီး သောသူ ပြတ် လေ၏။ နှိပ် နင်းသောသူတို့ ကို မြေ ပေါ်က ပယ်ရှင်း လေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 24:14အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။
Isaiah 14:4သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
Isaiah 25:10အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော် သည် ဤ တောင် ပေါ် မှာ ငြိမ်း လိမ့်မည်။ ကောက်ရိုး သည် နောက်ချေး ရွှံ့ပွက်၌ နှိပ် နင်းခြင်းကိုခံရသကဲ့သို့ ၊ မောဘ ပြည်သည် မိမိ ၌ နှိပ် နင်းတော်မူခြင်းကိုခံရလိမ့်မည်။
Isaiah 51:13မိုဃ်းကောင်းကင် ကို ကြက် တော်မူထသော၊ မြေကြီး ကိုလည်း တည် တော်မူထသော၊ သင့် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ကို သင်သည် မေ့လျော့ ၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီး လု ပြီဟု စိတ်ထင်နှင့်၊ သူ ၏ဒေါသ အမျက်ကို အစဉ် ကြောက် ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သောသူ ၏ဒေါသ အမျက်သည် အဘယ် မှာရှိသနည်း။
Jeremiah 48:8လုယူ သောသူသည် မြို့များအစဉ်အတိုင်းရောက်လာ ၍ မြို့တမြို့မျှမ လွတ် ရ။ ချိုင့် နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
Zechariah 9:8အဘယ်ရန်သူ မျှ မထွက် မဝင်စေခြင်းငှါ၊ ငါ့ အိမ် တော်ပတ်လည်၌ တပ်ချ မည်။ ညှဉ်းဆဲ သောသူသည် ငါ့ လူတို့ကို နောက် တဖန် မ နှိပ်နင်း ရ။ အကြောင်း မူကား၊ ငါ သည် ယခု ကိုယ်တိုင်ကြည့် ၍ မြင် ပြီ။