Isaiah 17:14
ညဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့ သည်၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Judges 5:31အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။
2 Kings 19:35ထိုညဉ့်တွင် ထာဝရဘုရား၏ ကောင်းကင် တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက် စောစောထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ၏။
Psalms 37:36နောက်တဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက် ၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။
Isaiah 10:28အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။
Isaiah 29:2သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထို မြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။
Isaiah 33:1သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ် သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။