Isaiah 17:5
လူသည် စပါး ကိုသိမ်း ယူ၍ အသီး အနှံများ ကိုလက် နှင့် ရိတ် သကဲ့သို့၎င်း၊ ရေဖိမ် ချိုင့် ၌ အသီးအနှံ တို့ကိုသိမ်း ရိတ်သကဲ့သို့ ၎င်း၊ ထိုအမှုဖြစ် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
4ထိုကာလ ၌ ယာကုပ် အမျိုး၏ ဘုန်း သည် လျော့ ၍ ၊ ဆူဝ ခြင်းလည်း ပိန့် ကြုံခြင်းဖြစ်ရလိမ့်မည်။
Cross References
Joshua 18:16ဟိန္နုံ သား၏ချိုင့်ရှေ့ မှာ ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသောတောင် ခြေရင်း သို့ လာ ၍ ယေဗုသိ မြို့တောင် ဘက် ဟိန္နုံ ချိုင့်သို့၎င်း ၊ အင်္ရောဂေလ ရွာသို့၎င်း၊
2 Samuel 5:22တဖန် ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။
Jeremiah 9:22ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ သေ ကောင်တို့သည် လယ် ပြင် ၌ နောက်ချေး ကဲ့သို့ ၎င်း ၊ သိမ်း သူမ ရှိ၊ ရိတ် သောသူနောက် မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့ ၎င်း ကျနေ ကြလိမ့်မည်ဟု ကြား ပြောလော့။
Hosea 6:11ထို မှတပါး၊ အိုယုဒ အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့် အဖို့ ခန့်ထား လျက်ရှိ၏။
Matthew 13:30စပါး ရိတ်သည်ကာလတိုင်အောင် အပင်နှစ် မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါး ရိတ်သည်ကာလ ရောက် လျှင် ၊ တောပင် တို့ကို ရှေးဦးစွာ ရွေးနှုတ် ၍ မီးရှို့ ခြင်းငှာ စည်းနှောင် ကြလော့။ စပါး ကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ် သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆို သည် ဟု မိန့် တော်မူ၏။
Revelation 14:15တဖန် ငါကြည့် လျှင် ၊ ဖြူ သောမိုဃ်းတိမ် ရှိ ၏။ လူ သား တော်နှင့်တူ သောသူ သည် ခေါင်း တော်ပေါ်၌ ရွှေ သရဖူ ကိုဆောင်း လျက်၊ ထက် သော တံစဉ် ကို ကိုင် လျက် ၊ မိုဃ်းတိမ် ပေါ်မှာ ထိုင် တော်မူ၏။