Isaiah 19:20
ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 2:23ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။
Joshua 4:20ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား ၏။
Joshua 22:34ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရ ဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ် ပုလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။
2 Kings 13:4တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
Isaiah 19:4အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Isaiah 37:36ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။