Isaiah 2:5
အိုယာကုပ် အမျိုးသား တို့၊ လာ ကြလော့။ ထာဝရဘုရား ၏အလင်း တော်၌ ကျင်လည် ကြကုန်အံ့။
မြန်မာကျမ်းစာ
In The King James Version
O house of Jacob, come ye, and let us walk in the light of the LORD.
In Context
Cross References
Psalms 89:15အို ထာဝရဘုရား ၊ နှိုးဆော် တော်မူ ခြင်းအသံကို နားလည် သော လူမျိုး သည် မင်္ဂလာ ရှိပါ၏။
Isaiah 2:3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
Isaiah 58:1အသံ မ လျော့ ဘဲ ကြွေးကြော် လော့။ တံပိုး သံကဲ့သို့ အသံ ကိုလွှင့် ၍ ၊ ယာကုပ် အမျိုးသား ဖြစ်သော ငါ ၏ လူ တို့အား ၊ သူ တို့ဒုစရိုက်အပြစ် ကို ဘော်ပြ လော့။
Isaiah 60:19နောက်တဖန် နေ့ အချိန်၌ သင်၏အလင်းသည် နေ ပေးသော အလင်း မ ဟုတ် ၊ ညဉ့်အချိန်၌လည်း၊ လ အရောင် သည် သင့် ကို မ လင်း စေရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ၊ သင် ၏ဘုရား သခင် သည် သင် ၏ဘုန်း အသရေဖြစ် တော်မူလိမ့်မည်။
John 12:35ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
Ephesians 5:8အထက် ကာလ၌သင်တို့သည် မှောင်မိုက် အတိဖြစ် ကြ၏။ ယခု မူကား ၊ သခင် ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍အလင်း ၏သား ကဲ့သို့ ကျင့် နေကြလော့။