Isaiah 23:1
တုရု မြို့နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ မြို့သည် အိမ် မ ရှိ၊ တည်းခို စရာ မရှိ သည် တိုင်အောင်ရှင်းရှင်းပျက်စီး လေပြီ။ ခိတ္တိမ် ပြည် မှ သိတင်းကြား ရ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 10:4ယာဝန် သား ကား၊ ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒနိမ် တည်း။
Joshua 19:29ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ၊ ဟောသ မြို့သို့ လှည့် လျက် ၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ၌ ဆုံး လေ၏။
1 Kings 10:22ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။
2 Chronicles 9:21ရှင်ဘုရင် ၏သင်္ဘော သည် ဟိရံ မင်းကျွန် တို့နှင့် တာရှု မြို့သို့ သွား တတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့၏။
Isaiah 2:16တာရှု သင်္ဘော အပေါင်း တို့ကို၎င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ တို့ကို၎င်းဆီးတားလိမ့်မည်။
Isaiah 15:8ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။