Isaiah 30:10
သူတို့ကလည်း၊ ဗျာဒိတ် တော်ကို မ ခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့အား ၎င်း၊ မှန် သောစကားကို ငါ တို့ အား မ ဟော ပါနှင့်။ ချော့မော့ သောစကားကို ပြောကြပါ။ လှည့်စား သောစကား ကို ဟော ကြပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 21:20အာဟပ် ကလည်း ၊ အချင်းရန်သူ ၊ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ၊ ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။
1 Kings 22:13မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊
2 Chronicles 16:10ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
2 Chronicles 24:19သူ တို့ကို ထာဝရဘုရား ထံ တော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက် တို့ကို စေလွှတ် တော်မူ၍ ၊ ပရောဖက်တို့သည် သက်သေခံ သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။
Job 41:3သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။
Jeremiah 5:31ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။